ဒီတစ်ပတ်အတွက် ရာသီဥတုခန့်မှန်းချက်မှာတော့ လေထုအရည်အသွေး အပူချိန် စိုထိုင်းဆတွေ အပြင်မုန်တိုင်းဖြစ်နိုင်ခြေတွေကိုသုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်။

လေထုအရည်အသွေးကိုလေ့လာကြည့်မယ်ဆိုရင်တော့ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ အညွှန်းကိန်း ၂၉ နဲ့ကောင်းနေတာကိုတွေ့ရပြီးမြို့နယ်အသီးသီးမှာလဲအရည်အသွေးကောင်းနေတာကို တွေ့ရပါတယ်။

နေပြည်တော်နဲ့မန္တလေးမြို့တွေမှာလဲ လေထုအရည်အသွေးကောင်းနေတာကိုတွေ့ရပြီး

ကရင်ပြည်နယ်ဖားအံမြို့နဲ့ကော့ကရိပ်မြို့တွေမှာတောာ့ လေထုအရည်အသွေးကျဆင်းနေပြီး အသင့်တင့်ရှိသလို မွန်ပြည်နယ်မော်လမြိုင်၊ မုဒုံနဲ့ တနင်္သာရီတိုင်းထားဝယ်မြို့တို့မှာလဲ လေထုအရည်အသွေးဟာ အသင့်အတင့်အနေအထားမှာပဲ ရှိနေတာကို‌တွေ့ရပါတယ်။

အပူချိန်နဲ့ စိုထိုင်းဆတွေကို ကြည့်မယ်ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးမှာ ပျှမ်းမျှအပူချိန်တွေအနည်းငယ်မြင့်တက်လာတာကိုတွေ့ရပြီး စိုထိုင်းဆတွေလဲ အမြင့်ဆုံးအနေအထားမှာရှိနေတာကို တွေ့ရပါတယ်

မုန်တိုင်းဖြစ်နိုင်ချေကိုလေ့လာကြည့်မယ်ဆိုရင်တော့ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ် မုတ္တမကွေ့ မြန်မာ့ပင်လယ်ပြင်နဲ့ အိန္ဒိယသမုဒ္ဓရာတို့မှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၂၉ ဒီဂရီမြင့်တက်နေတာကိုတွေ့ရပြီး

ပင်လယ်ရေမျက်နှာပြင်ဖိအားတွေဟာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ကျဆင်းနေတာကို တွေ့ရပါတယ်

လာမယ့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်’တစ်ခု ဖြစ်လာနိုင်ချေရှိနေတာကို တွေ့ရပြီး

ဘင်္ဓလားပင်လယ်အော်မှာ မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေတာကိုတွေ့ရပါတယ်