၁ ။ ဒီတစ်ပတ်မှာတော့ ကမ္ဘာ့ဆန်ဈေးကွက်နဲ့ အခြားကောက်ပဲသီးနှံတွေရဲ့ဈေးနှုန်းနဲ့ ဈေးကွက်အခြေအနေတွေကို သုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်။
၂။Rice
၃။ဒီနှစ်ကမ္ဘာ့ဆန်ထုတ်လုပ်မှုက အနည်းငယ်မြင့်တက်လာသော်လည်း အိန္ဒိယနဲ့အခြားအာရှနိုင်ငံတွေရဲ့ဆန်တင်ပို့မှု ကန့်သက်ချက်တွေကြောင့်ဆန်စျေးနှုန်း တွေဟာမြင့်တက်လာပါတယ် ဆန်စားသုံးမှု လည်းလျော့ကျလာတဲ့အတွက်ဆန်တင်သွင်း မှု တွေလျော့ကျလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။
အိန္ဒိယဆန်ပို့ကုန်ကန့်သက်ချက်တွေကဗီယက်နမ် ထိုင်းနဲ့ပါကစ္စတန် ဆန်ပို့ကုန်စျေးကွက်တွက် အခွင့်အရးတစ်ခုဖြစ်လာပါတယ်။ ၁၅နှစ်အတွင်းမှာဆန်စျေးနှုန်းမှာအမြင့်ဆုံးဖြစ်လာပြီး ထိုင်းနဲ့ဗီယန်နမ် ဆန်တစ်တန်ဟာ ဒေါ်လာ၆၅၀ မြန်မာကျပ်၂၄သိန်းခန့် အိန္ဒိယဘစ်မတ်တီ (bismathi)ဆန်တစ်တန်ဟာ ဒေါ်လာ၅၀၀ ခန့်မြန်မာကျပ် ၁၈သိန်းခန့်အထိတက်လာတာကိုတွေ့ရပါတယ်
၄ ၅ ၆ ။ ၂၀၂၂ခုနှစ်မှာဆန်တင်ပို့မှုအနေနဲ့မြန်မာနိုင်ငံကတန်ချိန်၂.၂သန်း ထိုင်းက၇.၇သန်း ဗီယမ်နမ်က၇.၁သန်း အိန္ဒိယက၂၂.၁သန်းခန့်တင်ပို့ခဲ့တာကိုတွေ့ရပါတယ်….၂၀၂၃နဲ့၂၀၂၄ခုနှစ်မှာတော့ဆန်စျေးနှုန်းမြင့်တက်မှုတွေနဲ့ အိန္ဒိယဆန်ကန်သက်ချက်တွေကြောင့်တရုတ် ဥရော ဘင်္ဂလားဒေ့ ရှိအာဖရိကနဲ့မလေးရှား နိုင်ငံတွေရဲ့ ဆန်ထွက်မှုတွေကျဆင်းလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်..
၇ ။ လက်ရှိကမ္ဘာ့ဆန်စျေးကွက်မှာ50kgဆန်ကြမ်းတစ်အိပ်ဈေးနှုန်းဟာအနည်းငယ်ပြန်ဆင်းလာပြီး USD 15-59ဒေါ်လာ မြန်မာကျပ် ၅သောင်း ၆ထောင်ခန့်နဲ့ အရောင်းအ၀ယ်ဖြစ်နေပါတယ်။
၈ ။ ဒီ၃လပတ်ထဲမှာ ၁၅ဒေါ်လာနဲ့၁၆ဒေါ်လာကြားထဲမှာဘဲအရောင်းအ၀ယ်ဖြစ်နေနိုင်ပြီး လာမည့်၁၂လအတွင်းမှာတော့ ၁၄ဒေါ်လာနဲ့၁၅ဒေါ်လာ (မြန်မာကျပ်၅သောင်းနဲ့၅သောင်းခွဲ) ကြားမှာအရောင်းအ၀ယ်ဖြစ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။
၉။ ပြောင်းဈေးကွက်ကိုလေ့လာကြည့်မယ်ဆိုရင်တော့
၁၀ ။ ကမ္ဘာပြောင်းအဓိကထုတ်လုပ်တဲ့ဘရာဇီးနဲ့အမေရိကန်နိုင်ငံတွေမှာ ဒီနှစ်ပြောင်းရာသီအထွက်ကောင်း တဲ့အတွက် ပြောင်းဈေးတွေကျဆင်းလာတာကိုတွေ့ရပြီး အာဂျင်တီးနား..ဘရာဇီး..ယူကရိန်းနဲ့ အမေရိကန်ပြောင်းတွေရဲ့ ဈေးနှုန်းတွေဟာ USD 200နဲ့ 210 (မြန်မာကျပ် ၇သိန်း၂သောင်းမှ ၇သိန်း ၅သောင်းခန့်)အထိကျဆင်းလာတာကို တွေ့ရပါတယ်
၁၁ ။ ပြောင်းတင်ပို့မှုနဲ့ တင်သွင်းမှုလေ့လာကြည့်မယ်ဆိုရင် တော့ ဘရာဇီးနိုင်ငံကတန်ချိန် ၁သန်းခန့်ပိုမိုတင်ပို့နိုင် ပြီး အမေရိကန်နိုင်ငံကတောာ့အထွက်နှုန်းနည်းတဲ့အတွက်တန်ချိန်၁သန်းခန့်လျော့ပြီးတင်ပို့မယ်လို့ ခန့်မှန်းထား ပါတယ်။ ပြောင်းထက်ဘာလီဈေးနှုန်းတွေကပိုမိုသက်သာလာတဲ့တွက် တရုတ်၊ကနေဒါနဲ့ဥရောပနိုင်ငံကတော့ ပြောင်းတင်သွင်းမှုတွေလျှော့ချလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။
၁၂ ။ လက်ရှိပြောင်းဈေးနှုန်းကိုလေ့လာကြည့်မယ်ဆိုရင်တော့ပြောင်း ၁ဘူးရှယ်ကို US dolloer 465.29 မြန်မာကျပ် ၁၇၀၀ ခန့် နဲ့အရောင်းအ၀ယ်ဖြစ်နေပြီး
၁၃ ။ ဒီ၃လပတ်ထဲ့မှာတော့ ၁ဘူရှယ်ကို US cent 500 နဲ့ ၅၅၀ကြားမှာအရောင်းအဝယ်)ဖြစ်နေနိုင်ပြီး လာမယ့်၁၂လအတွင်းမှာတော့ US cent 400 ကျပ်၁၄၅၀၀ခန့်နဲ့ အရောင်းအ၀ယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
၁၄ ၁၅ ။ ကမ္ဘာစားအုန်းဆီနဲ့ပဲပုတ်ဆီစျေးကွက်ကိုလေ့လာကြည့်မယ်ဆိုရင်တော့ အမေရိကန်ရဲ့ပဲပုတ်ဈေးနှုန်းဟာ အတက်ဘက်မှာရှိနေပြီး တစ်တန်ကို USD 1700 ခန်နဲ့အာဂျင်တီးနား ဘရာဇီး ရဲ့ပဲပုတ်ဆီစျေးနှုန်းကျဆင်း လာပြီး တတန်ကို USD 1100 dollor ဝန်းကျင် မြန်မာကျပ်သိန်းလေးဆယ်ခန့် တစ်ပိသာ၆၅၀၀ခန့် နဲ့အရောင်းအဝယ်ဖြစ်နေတာကိုတွေ့ရပါတယ်။
၁၆ ။ အင်ဒိုနီးရှားနိုင်ငံမှာတော့စားအုန်းဆီတင်ပို့မှု ကန့်သက်ချက်တွေရှိနေပြီး စားအုန်းဆီမှာ …………………. ထုတ်လုပ်မှုကိုပိုမိုမြင့်တက်နေပြီး တရုတ်နိုင်ငံကိုအဓိကရောင်းချနေတာကိုတွေ့ရပါတယ်။
၁၇ ။ လက်ရှိမလေးရှားစားအုန်းဆီဈေးနှုန်းကိုကြည့်မယ်ဆိုရင် တစ်တန်ကိုမလေးရှားရင်းဂစ် ၃၈၂၁ မြန်မာကျပ်သိန်း၃၀ခန့် တပိသာ ၄၈၀၀ကျပ်နဲ့အရောင်းအ၀ယ်ဖြစ်နေပြီး ဒီ၃ပတ်ထဲမှာတတန်ကိုရင်းဂစ် ၃၅၉ လာမည့်၁၂လအတွင်းမှာ ရင်းဂစ်၃၂၆၅ မြန်မာကျပ်၃၅ကျပ်သိန်းခန့် တပိသာ၄၁၀၀ခန့်နဲ့ အရောင်းအ၀ယ် ဖြစ်မယ်လို့ခန့်မှန်းထားပါတယ်
၁၈ ။ ကမ္ဘာပဲပုတ်ဈေးကွက်ကိုလေ့လာကြည့်မယ်ဆိုရင်
၁၉ ။ အာဂျင်တီးနာ ဘရာဇီးနဲ့အမေရိကန်နိုင်ငံတွေမှာ ပဲပုတ်အထွက်ကောင်းတဲ့အတွက် ပဲပုတ်ဈေးနှုန်းတွေဟာ ကျဆင်းလာပြီး တစ်တန်ကို USD 350မှ570အတွင်း မြန်မာကျပ် ၁၉သိန်းမှ သိန်း၂၀၀ အတွင်း အရောင်းအ၀ယ်ဖြစ်နေတာကိုတွေ့ရပါတယ်။
၂၀ ။ ပဲပုတ်အဓိကတင်သွင်းတဲ့အဓိကနိုင်ငံက စားအုန်းဆီကိုအစားထိုးရန် အတွက် ပဲပုတ်ကိုအရှိန်မြင့် တင်သွင်းနေတာကိုတွေ့ရပါတယ်။
၂၁ ။ တရုတ်နိုင်ငံကပဲပုတ်ကိုဒီနှစ်မှာတန်ချိန်နှစ်သိန်းခန့်တင်သွင်းနိုင်ပြီး အခြားတင်သွင်းတဲ့နိုင်ငံ တွေမှာတော့အထွက်နှုန်းကောင်းခြင်း ၀ယ်လိုအားနည်းခြင်းနဲ့ အခြားဆီထွက်သီးနှံတွေကို အစားထိုးလာတာကြောင့် တင်သွင်းမှုတွေလျော့ကျလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။
၂၂ ။ လက်ရှိဈေးကွက်ထဲမှာပဲပုတ်၁ဘူးရှယ်ကို US doolor 1329.25 မြန်မာကျပ် ၁၈၀၀ခန့် နဲ့ အရောင်းအ၀ယ်ဖြစ်နေပြီး
၂၃ ။ ဒီ၃လပတ်ထဲမှာ ပဲပုတ်တဘူးရှယ်ကို US cent 1375 လောက်နဲ့အရောင်းအ၀ယ်ဖြစ်နေပြီး လာမယ့်၁၂ အတွင်းမှာတော့ တဘူးရှယ်ကို US cent 1299 ခန့်မြန်မာကျပ် ၄၆၀၀ခန့်နဲ့ အရောင်းအ၀ယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
၂၄ ။ ဈေးကွက်ကိုလေ့လာကြည့်မယ်ဆိုရင်တော့
၂၅ ။ ဂျုံအဓိကထွက်ရှိတဲ့ယူကရိန်းနိုင်ငံတွေမှာလည်း တရုတ်နိုင်ငံတွေမှာ အထွက်နှုန်းကျဆင်းလာနေပြီး အာဂျင်တီးနာ ကနေဒါ ဥရောပါ အမေရိကန်နိင်ငံတွေမှာလဲ ရာသီဥတုဆိုးရွားမှုတွေကြောင့် အထက်နှုန်းကျဆင်းနေတာကိုတွေ့ရပါတယ်။ သို့သော်လည်း ကမ္ဘာ့ဂျုံထုန်လုပ်မှုဟာပုံမှန်အခြေအနေမှာ ပဲရှိနေပြီး ယူကရိန်းသီးနှံတင်ပို့ခွင့်ကန့်သက်ချက်နဲ့ ၀ယ်လိုအားကျဆင်းလာမှုကြောင့် ဂျုံဈေးနှုန်းတွေဟာအတက်အကျများနေတာကိုတွေ့ရပါတယ်။
၂၆ ။ ဂျုံအဓိကတင်ပို့တဲ့ကနေဒါနဲ့အမေရိကန်တို့ရဲ့တင်ပို့မှုတွေကတော့ရာသီဥတုဆိုးရွားမှုနဲ့အထွက်နှုန်းကျဆင်းမှုတွေကြောင့် လျော့ကျသွားနိုင်ပြီး
၂၈ ။ တင်သွင်းတဲ့နိုင်ငံတွေမှာဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့် ၀ယ်လိုအားတွေလျော့ကျနိုင်တယ်လို့ခန့်မှန်းထား ပါတယ်။
၂၉ ။ လက်ရှိစျေးကွက်ထဲမှာဂျုံတစ်ဘူးရှယ်ရဲ့ဈေးနှုန်းတွေဟာ ကျဆင်းလာနေပြီး US cent 680.22 မြန်မာကျပ် ၂၂၀၀၀ခန့်နဲ့အရောင်းအဝယ်ဖြစ်နေပြီး
၃၀ ။ ဒီ၃ပတ်ထဲမှာတဘူးရှယ်ကို US cent 607လောက်နဲ့အရောင်းအ၀ယ်ဖြစ်နေပြီး လာမယ့် ၁၂အတွင်းမှာတော့ တဘူးရှယ်ကို US cent 553 မြန်မာကျပ် ၁၉၀၀၀ခန့်နဲ့ အရောင်းအ၀ယ်ဖြစ်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်
၃၁။ ဝါဂွမ်းဈေးကွက်ကိုလေ့လာကြည့်မယ်ဆိုရင်
၃၂ ။ ဝါအဓိကထုတ်လုပ်အသုံးပြုတဲ့နိုင်ငံတွေမှာ ဈေးနှုန်းတွေကတက်နေပြီး အခြားအဓိကထုန်လုပ်တဲ့ အမေရိကန် အိန္ဒိယ ဘရာဇီး နဲ့ပါကစ်စတန် နိုင်ငတွေမှာတော့ ဈေးနှုန်းတွေကျဆင်းလာတာကိုတွေရပါတယ်။ ဒါကိုကြည့်ရင်တရုတ်နိုင်ငံမှလွဲပြီး အခြားနိုင်ငံတွေကတော့လျော့ကျတာကိုတွေ့ရပါတယ်
၃၃ ။ ဝါတင်ပို့မှုတွေကိုကြည့်မယ်ဆိုရင်ဘရာဇီးနိုင်ငံရဲ့တင်ပို့မှုတွေမြင့်တက်လာပြီးအခြားနိုင်ငံတွေကတော့လျော့ကျလာတာကိုတွေ့ရပါတယ်။
၃၄ ။ ဝါတင်သွင်းတဲ့နိုင်ငံတွေထဲမှာအဓိကတင်ပို့တဲ့ ဘဂ်လားဒေ့ရ်ုနိုင်ငံတင်တွင်းမှုကများလာပြီး မက္ကစီကိုနဲ့တရုတ်နိုင်ငံတင်သွင်းမှုတွေက လျော့နဲလာတာကိုတွေ့ရပါတယ်
၃၅ ။ လက်ရှိဝါဈေးနှုန်းတွေကိုလေ့လာကြည့်မယ်ဆိုရင် ၁ ပေါင်းကို Uscent86.200မြန်မာကျပ် ၃၁၀၀ခန့်နဲ့အရောင်းအ၀ယ်ဖြစ်နေပြီး
၃၆ ။ ဒီ၃လပတ်ထဲမှာ ၁ပေါင်ကိုUS cent 86 လောက်နဲ့ပဲ အရောင်းအ၀ယ်ဖြစ်နေပြီးလာမယ့်၁၂လအတွင်းမှာတော့ ၁ ပေါင်ကို US cent 79 မြန်မာကျပ် ၂၈၀၀ လောက်နဲ့အရောင်းအ၀ယ်ဖြင့်ဖြစ်နေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
၃၇ ။အချုပ်အားဖြင့်ကြည့်မယ်ဆိုရင်စိုက်ပျိုးရေးထွက်ကုန်တွေကိုအများဆုံးတင်ပို့တဲ့နိုင်ငံတွေထဲမှာတရုတ်နိုင်ငံ ကအများဆုံးဖြစ်ပြီး
၃၈ ။ အာရှတိုက်မှာစိုက်ပျိုးရေးထွက်ကုန်အများဆုံးတင်ပို့တဲ့နိုင်ငံကတော့ဗီယမ်နန်နိုင်ငံဖြစ်ပါတယ်။
၃၉ ။ ထူးခြားတာကဗီယမ်နန်နိုင်ငံရဲ့စိုက်ပျိုးရေးထွက်ကုန်ဆင်ပို့မှုဟာ ၂၀၂၃ခုနှစ်မှာကျဆင်းလာသော်လဲကားတင်သွင်းမှုမြင့်တက်လာတာကိုတွေ့ရပါတယ်။
၄၀ ။ ကမ္ဘာ့တစ်ပတ်ရစ်ကားတွေရဲ့ဈေးနှုန်းအညွှန်းကိန်းဟာလဲ၂၀၂၂ခုနှစ် ဒီဇင်ဘာလကစပြီး မြင့်တက်လာနေတာကို တွေ့ရပါတယ်။